ခြင်ဆီအစားထိုးကုသပေးနိုင်ခဲ့တဲ့လူနာတွေက ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်က အသက်၆၃နှစ်အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်က အသက်၄၆နှစ်အရွယ်အမျိုးသားတစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်က အသက်၄၇နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အရာတော်မြို့နယ်က အသက်၆၂နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂၀၁၆ခုနှစ်ကနေ ၂၀၂၆ခုနှစ် ဇန်နဝါရီလအထိ လူနာ၂၉ဦးကို ရိုးတွင်းခြင်ဆီအစားထိုးကုသပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။



