back

မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တစ်လခွဲအတွင်း ဖမ်းဆီးခံရ

Feb 16 • 3:32 AM

breaking-news

Malaysia

Local

cover

မလေးရှားတွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၆,၀၀၀ ကျော် တစ်လခွဲအတွင်း ဖမ်းဆီးခံရ

မလေးရှား၌၂၀၂၆ ဇန်နဝါရီလကစလို့ တနိုင်ငံလုံးမှာ စစ်ဆေးမှုပေါင်း ၁,၇၀၀ လောက်လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။မလေးရှားပြည်ထဲရေးဝ...

မလေးရှား၌၂၀၂၆ ဇန်နဝါရီလကစလို့ တနိုင်ငံလုံးမှာ စစ်ဆေးမှုပေါင်း ၁,၇၀၀ လောက်လုပ်ခဲ့ပြီး နိုင်ငံခြားသား ၂၇,၀၀၀ ကျော်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။မလေးရှားပြည်ထဲရေးဝန်ကြီးက “အစိုးရအနေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူလူထုရဲ့ သာယာဝပြောရေးအတွက် ပိုဗျူဟာကျပြီး ပစ်မှတ်ထားတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ စမတ်ကျကျ နှိမ်နင်းရေး နည်းလမ်းကိုအသုံးပြုပြီးလူဝင်မှုကြီးကြပ်ရေးဥပဒေတွေကို အပြည့်အဝ လိုက်နာစေဖို့ သန္နိဋ္ဌာန်ချထားပါတယ်” လို့ ပြောပါတယ်။ပူးပေါင်းစစ်ဆေးမှုတွေအတွင်း လူဝင်မှုကြီးကြပ်ရေးဥပဒေအမျိုးမျိုးကို ဖောက်ဖျက်ကျူးလွန်တယ် ဆိုတဲ့ မြန်မာ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံခြားသား ၆,၂၀၀ကို ဖမ်းဆီးရမိခဲ့သလို အလုပ်ရှင် ၂၃၀ ကိုလည်း အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

news-view-count-icon

19