စင်ကာပူနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Marina Bay Sands (MBS) ကာစီနိုမှာ လာရောက်ကစားခဲ့တဲ့ တရုတ်နိုင်ငံသားတစ်ယောက်ဟာ လောင်းကစားရှုံးတဲ့ အတွက်ကြောင့် မိမိကိုယ်ကို အဆုံ၊းစီရ၊င်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံရှိ တရုတ်သံရုံးကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အထူးသတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်တာပါ။ သေဆုံးသွားသူဟာ MBS မှာ လောင်းကစားလုပ်ပြီးနောက် အထပ်မြင့်ပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဘယ်နေ့ဘယ်အချိန်မှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ အတိအကျ ထည့်သွင်းပြောဆိုထားခြင်း မရှိပါဘူး။ လက်ရှိမှာတော့ သံရုံးအနေနဲ့ ၊ေသဆုံးသူရဲ့ မိသားစုဝင်တွေကို ကူညီပြီး နာရေးကိစ္စတွေကို စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။အထူးသဖြင့် အခုလို တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာချိန်မှာ စင်ကာပူရောက် တရုတ်ခရီးသွားတွေနဲ့ နေထိုင်သူတွေအနေနဲ့ လောင်းကစားမှုတွေကနေ ဝေးဝေးမှာနေကြဖို့ သံရုံးက ပြင်းပြင်းထန်ထန် သတိပေးထားပါတယ်။



