back

ဒလတံတားကို သတ်မှတ်စည်းကမ်းများနှင့်အညီ သုံးစွဲကြရန် ပြည်သူများအား ဆောက်လုပ်ရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

Feb 15 • 6:37 AM

breaking-news

Myanmar

Local

breaking-news
cover

ဒလတံတားကို သတ်မှတ်စည်းကမ်းများနှင့်အညီ သုံးစွဲကြရန် ပြည်သူများအား ဆောက်လုပ်ရေးဝန်ကြီးဌာန မေတ္တာရပ်ခံ

မြန်မာ - ကိုရီယား ချစ်ကြည်ရေး ဒလတံတားပေါ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဧရိယာအတွင်း သွားလာခွင့်ပြုထားသော ကားအမျိုးအစားများကို ဖြတ်သန်းသွာ...

မြန်မာ - ကိုရီယား ချစ်ကြည်ရေး ဒလတံတားပေါ်သို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဧရိယာအတွင်း သွားလာခွင့်ပြုထားသော ကားအမျိုးအစားများကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီဖြစ်သည်။ ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို မော်တော်ယာဉ်များဖြင့် တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ပြီဖြစ်သဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လွယ်ကူစွာသွားလာနိုင်ရေးအတွက် YBS ယာဉ်လိုင်းများကိုလည်း စတင်ပြေးဆွဲနေပြီဖြစ်သည်။မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားအား ဖြတ်သန်း၍ ရန်ကုန်မြို့မှ ဒလမြို့သို့ YBS ယာဥ်လိုင်းအမှတ် ၂၉၊ ၃၆၊ ၇၂၊ ၁၀၈၊ ၁၄၅ တို့ဖြင့် စုစုပေါင်းယာဥ် (၃၀)စီးကို တံတားပေါ်မှ ဖြတ်သန်းပြေးဆွဲခွင့်ပြုထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

news-view-count-icon

47