ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်းသည် ဝါဒါဘရီမင်နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူကာ ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မြောက်သွားပြီဖြစ်ပြီး အဆိုပါစံချိန်ကို စီရော်နယ်လ်ဒိုထက် ၁၂ ပွဲလျော့နည်းကာ ၇၄၃ ပွဲဖြင့် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟာရီကိန်းသည် နိုင်ငံအသင်းအတွက် ၇၈ ဂိုးနှင့် ကလပ်အသင်းများအတွက် ၄၂၂ ဂိုး သွင်းယူထားနိုင်ခြင်းဖြစ်ကာ ကစားသမားဘဝ ပယ်နယ်တီဂိုး ၁၀၀ ပြည့်မြောက်မှုနှင့်အတူ ယခုရာသီတွင်လည်း ခြေစွမ်းပြသလျက်ရှိရာ ဂိုး ၅၀၀ ပြည့်မြောက်ရန် ၆၃၂ ပွဲသာ ကစားခဲ့ရသည့် မက်ဆီ၏နောက်တွင် အမြန်ဆုံးစံချိန်တင်နိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။


