back

တာမွေဂုံးတံတားအတက်၌ လမ်းဖြတ်ကူးသူတစ်ဦးအား ကားနှစ်ဆင့်တိုက်မိပြီး သေဆုံး၊ ယာဉ်တစ်စီးမှာ မောင်းပြေးသွား

Feb 15 • 5:33 AM

breaking-news

Myanmar

Yangon

cover

တာမွေဂုံးတံတားအတက်၌ လမ်းဖြတ်ကူးသူတစ်ဦးအား ကားနှစ်ဆင့်တိုက်မိပြီး သေဆုံး၊ ယာဉ်တစ်စီးမှာ မောင်းပြေးသွား

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ တာမွေဂုံးတံတားအတက် (MPT ရုံးအနီး) တွင် ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁:၄၅ နာရီဝန်းကျင်က လမ်းဖြတ်ကူးသူတစ်ဦး ကားနှစ်ဆင့်...

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဗညားဒလလမ်းရှိ တာမွေဂုံးတံတားအတက် (MPT ရုံးအနီး) တွင် ဖေဖော်ဝါရီ ၁၄ ရက် ည ၁၁:၄၅ နာရီဝန်းကျင်က လမ်းဖြတ်ကူးသူတစ်ဦး ကားနှစ်ဆင့်တိုက်မိကာ သေဆုံးမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အဆိုပါလမ်းဖြတ်ကူးသူအား တက္ကစီတစ်စီးက ဦးစွာတိုက်မိခဲ့ပြီးနောက် နောက်ထပ်မောင်းနှင်လာသည့် ကားတစ်စီးက ထပ်မံတက်ကြိတ်မိခဲ့ခြင်းဖြစ်ကာ ဒုတိယကားမှာ အခင်းဖြစ်နေရာမှ မောင်းပြေးသွားခဲ့ကြောင်း သိရသည်။ ၎င်းရုပ်အလောင်းအား ရှင်သန်ရေးကူညီမှုအသင်းနှင့် မေတ္တာမျှဝေအသင်းတို့က သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

32