စပါးအသင်းသည် လစ်လပ်နေသော နည်းပြချုပ်ရာထူးအတွက် ဂျူဗင်တပ်စ်၊ မာဆေးလ်နှင့် လာဇီယို နည်းပြဟောင်း အီဂေါတူဒါ (Igor Tudor) ကို ၂၀၂၅-၂၀၂၆ ရာသီကုန်အထိ စာချုပ်ဖြင့် အတည်ပြုခန့်အပ်လိုက်ကြောင်း ဖေဖော်ဝါရီ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။အသက် ၄၇ နှစ်အရွယ် ခရိုအေးရှားလူမျိုး နည်းပြ တူဒါသည် ပြီးခဲ့သည့် အောက်တိုဘာလအထိ ဂျူဗင်တပ်စ်အသင်းကို တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်း၏ ပြင်းပြသော စိတ်ဓာတ်နှင့် ကစားသမားများအပေါ် မြင့်မားသော လုပ်အားနှုန်း တောင်းဆိုတတ်သည့် ပုံစံကြောင့် ယာဂင်ကလော့ပ်နှင့် နှိုင်းယှဉ်ဖော်ပြခံရသူဖြစ်သည်။ စပါးအသင်းသည် မာကိုရို့စ်၊ တာဇစ်တို့နှင့် ချိတ်ဆက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ဥရောပအတွေ့အကြုံရင့် တူဒါကိုသာ ရာသီကုန်အထိ ယာယီတာဝန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
| 36 | 0 | 0 | 0 |


