ပလတ်စတစ်အမှုန်ငယ်တွေက တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးအတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပြီး အူလမ်းကြောင်းဘက်တီးရီးယားများ ပြောင်းလဲစေခြင်းကစလို့ အသည်းထိခိုက်သည်အထိ သက်ရောက်နိုင်ပါတယ်။ နှစ်စဉ် သမုဒ္ဒရာတွေထဲကို ပလတ်စတစ်တန်ချိန်ပေါင်း ၁၄ သန်းခန့် ရောက်ရှိနေပါတယ်။ ဒါပေမဲ့ ဒါတွေကိုဖြေရှင်းဖို့ ရုံးပတေသီးနဲ့ ပဲနံ့သာမှရတဲ့ ဂျယ်တို့ကို သုတေသီအဖွဲ့ နည်းလမ်းရှာဖွေနေပါတယ်။ ပိုလီအေခရိုင်လာမိုက်ကို အားကိုးတာထက်စာရင် ပလတ်စတစ်မှုန်ပြဿနာအတွက်က ရုံးပတေသီးနဲ့ ပဲနံ့သာပစ္စည်းများကို အသုံးပြုကြဖို့ တာလေတန်ပြည်နယ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြခဲ့ကြပါတယ်။
ရေအောက်ထဲမှပလတ်စတစ်အမှုန်ငယ်များကို ဟင်းရွက်(၂)မျိုးဖြင့်ဖယ်ရှားနိုင်ဖွယ်ရှိဟု သုတေသီများလေ့လာဖော်ထုတ်
Feb 15 • 3:49 AM
Myanmar
Local
Share
| 43 | 0 | 0 | 0 |


