back

ခါး အတိုင်းအတာနှင့် အရပ်အမြင့် အချိုးက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်

Feb 15 • 2:38 AM

breaking-news

Myanmar

Local

breaking-news
cover

ခါး အတိုင်းအတာနှင့် အရပ်အမြင့် အချိုးက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်

ခါး အတိုင်းအတာနဲ့ အရပ်အမြင့် အချိုးကို နှိုင်းယှဉ်ကြည့်တာဟာ လူသိများတဲ့ BMI တိုင်းတာမှုထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပိုပြီး တိတိကျကျ ခန့်မှန်းပေးနိုင်တာကို U...

ခါး အတိုင်းအတာနဲ့ အရပ်အမြင့် အချိုးကို နှိုင်းယှဉ်ကြည့်တာဟာ လူသိများတဲ့ BMI တိုင်းတာမှုထက် နှလုံးရောဂါ ဖြစ်နိုင်ခြေကို ပိုပြီး တိတိကျကျ ခန့်မှန်းပေးနိုင်တာကို UPMC နဲ့ Pittsburgh တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။BMI က အရပ်နဲ့ ကိုယ်အလေးချိန်ကိုပဲ ကြည့်တာဖြစ်ပေမယ့် ဒီတိုင်းတာမှုကတော့ နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်ထဲကအဆီတွေ ဘယ်နေရာမှာစုနေသလဲဆိုတာကိုပါ ဖော်ပြပေးနိုင်တာဖြစ်တာကြောင့် သုတေသီတွေဟာ လူပေါင်း ၂၇၂၁ ဦးရဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ၅ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။ထို့သို့ လေ့လာခဲ့မှုအရ အသက်အရွယ်၊ ကျန်းမာရေးရာဇဝင်နဲ့ တခြားအချက်တွေကို ထည့်သွင်းတွက်ချက်ပြီးနောက် ခါး အတိုင်းအတာနဲ့ အရပ်အမြင့် အချိုးအစားဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို အမှန်ကန်ဆုံးဖော်ပြနိုင်တဲ့ အညွှန်းကိန်းဖြစ်နေတာ တွေ့ရတယ်လို့လည်း ပညာရှင်များက ပြောကြားထားပါတယ်။ကိုယ်အလေးချိန် အရမ်းမများဘဲ BMI ၃၀ အောက်သာရှိတဲ့လူတွေမှာတောင် ဒီလိုအချိုးအစားက သုည ဒသမ ၅ ထက်ကျော်နေရင် နောင်တစ်ချိန်မှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ပိုများနေတာကို သတိထားမိခဲ့ကြတဲ့အပြင် လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်၊ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်တွေက ပုံမှန်ဖြစ်နေရင်တောင် အခုအချိုးအစားကိုကြည့်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို စောစောစီးစီးသိနိုင်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။


news-view-count-icon

33