back

ဆော်ဒီလိဂ်မှာ အသက် ၄၁ နှစ်နဲ့အထက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

Feb 15 • 2:17 AM

breaking-news

Myanmar

International

cover

ဆော်ဒီလိဂ်မှာ အသက် ၄၁ နှစ်နဲ့အထက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်သမိုင်းမှာ အသက် ၄၁ နှစ်နဲ့အထက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဆော်ဒီလိဂ်...

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ်သမိုင်းမှာ အသက် ၄၁ နှစ်နဲ့အထက် ဂိုးသွင်းနိုင်တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဆော်ဒီလိဂ်မှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် အီဂျစ်ဂိုးသမား အယ်လ်ဟာဒါရီက ၄၄ နှစ်၊ ၃၂၉ ရက်နဲ့ စံချိန်တင်ထားပြီး ဆော်ဒီနောက်ခံလူ အဗ္ဗဒူလ်ဂါနီကလည်း ၄၁ နှစ် ၂၉၁ ရက်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။စီရော်နယ်လ်ဒိုဟာ ဆော်ဒီလိဂ်အပေါ် သပိတ်မှောက်ထားရာကနေ အယ်လ်ဖာတာနဲ့ပွဲမှာ ပြန်ကစားခဲ့တာလည်းဖြစ်ပါတယ်။၎င်းဟာ ပွဲချိန် ၁၈ မိနစ်မှာ အသင်းအတွက် တစ်ဂိုး သွင်းပေးခဲ့ပြီး ဒီရာသီ ၁၈ ဂိုးအထိ ရှိလာခဲ့ပါတယ်။ဆော်ဒီလိဂ် ဂိုးအများဆုံးစာရင်းမှာ အယ်လ်အာလီတိုက်စစ်မှူး တိုနေး(၂၀ ဂိုး)နောက် ဒုတိယအများဆုံးအဖြစ် ရပ်တည်နေပါတယ်။ ကစားသမားဘ၀ သွင်းဂိုးပေါင်းကလည်း ၉၆၂ ဂိုးအထိ ရှိလာခဲ့ပါတယ်။


news-view-count-icon

19