back

မိမိကို လူဝံအဖြစ် သရုပ်ဖော်ထားသည့် ထရမ့်၏ လူမျိုးရေးခွဲခြားသော ဗီဒီယိုအပေါ် အိုဘားမား တုံ့ပြန်ပြောကြား

Feb 15 • 1:31 AM

breaking-news

Myanmar

International

cover

မိမိကို လူဝံအဖြစ် သရုပ်ဖော်ထားသည့် ထရမ့်၏ လူမျိုးရေးခွဲခြားသော ဗီဒီယိုအပေါ် အိုဘားမား တုံ့ပြန်ပြောကြား

အစိုးရတာဝန်ရှိသူများတွင် ယခင်ကရှိခဲ့ဖူးသည့် "အရှက်တရား" နှင့် "ယဉ်ကျေးသိမ်မွေ့မှု" တို့မှာ ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘား...

အစိုးရတာဝန်ရှိသူများတွင် ယခင်ကရှိခဲ့ဖူးသည့် "အရှက်တရား" နှင့် "ယဉ်ကျေးသိမ်မွေ့မှု" တို့မှာ ယခုအခါ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ပေါ့တ်ကတ်စ်(Podcast) အစီအစဉ်တစ်ခုတွင်ပြောကြားခဲ့သည်။ ယင်းသည် သမ္မတ ဒေါ်နယ်ထရမ့်၏ လူမှုကွန်ရက်တွင် တင်ခဲ့သော လူမျိုးရေးခွဲခြားသည့် ဗီဒီယိုနှင့် ပတ်သက်၍ သွယ်ဝိုက်သောနည်းဖြင့် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။အဆိုပါ ရိုင်းစိုင်းသော ဗီဒီယိုတွင် အိုဘားမားနှင့် ၎င်း၏ဇနီး မီရှဲလ်တို့ကို လူဝံများအဖြစ် သရုပ်ဖော်ထားသည့် အပိုင်းတစ်ခု ပါဝင်နေပြီး ဒီမိုကရက်တစ်နှင့် ရီပတ်ဘလီကန် နှစ်ဖက်စလုံးမှ ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။အိမ်ဖြူတော်ကမူ အစပိုင်းတွင် ထိုဗီဒီယိုကို ခုခံကာကွယ်ခဲ့ပြီး တုံ့ပြန်မှုများကို "လုပ်ကြံဒေါသ" ဟု ခေါ်ဆိုခဲ့သည်။ နောက်ပိုင်းတွင်မူ ထိုပို့စ်မှာ ဝန်ထမ်းတစ်ဦး၏ အမှားဖြစ်သည်ဟု အပြစ်ပုံချကာ ပြန်လည်ဖျက်သိမ်းခဲ့သည်။အိုဘားမားသည် လစ်ဘရယ်ဝါဒီ ပေါ့တ်ကတ်စ်တင်ဆက်သူ ဘရိုင်ယန်တိုင်လာကိုဟင် နှင့် စကားပြောဆိုရာတွင် နိုင်ငံရေးအခြေအတင် ဆွေးနွေးမှုများ၏ လေသံနှင့်ပတ်သက်၍ မေးမြန်းခြင်းခံခဲ့ရသည်။ ကိုဟင်က ထရမ့်၏ ပို့စ်အပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သော အငြင်းပွားဖွယ်ရာ အကြောင်းအရာများကို ကိုးကားမေးမြန်းခဲ့ခြင်း ဖြစ်သည်။

၄၇ မိနစ်ကြာသည့် အဆိုပါ အင်တာဗျူးတွင် အိုဘားမားက အမေရိကန်တို့၏ ဆွေးနွေးပြောဆိုမှု ပုံစံများသည် "ယခင်က မမြင်ဖူးမကြားဖူးလောက်အောင် ရိုင်းစိုင်းကြမ်းကြုတ်သည့် အဆင့်သို့ လျောကျသွားပြီ" ဟု ပြောကြားခဲ့သည်။"အမေရိကန်ပြည်သူ အများစုဟာ ဒီလိုအပြုအမူမျိုးကို အလွန်တရာ စိတ်အနှောင့်အယှက်ဖြစ်စရာလို့ အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ဒါတွေဟာ အာရုံစိုက်မှု ရစေတာမှန်သလို၊ တကယ့်ကိစ္စရပ်တွေကို အာရုံလွှဲရာလည်း ရောက်ပါတယ်။"ဟုလည်း အိုဘားမားကဆိုသည်။သမ္မတရာထူး၏ ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ကို လေးစားရမည်ဟု ယူဆခဲ့ကြသူများကြားတွင် ယခုအခါ အရှက်တရား ကင်းမဲ့နေခြင်းကိုလည်း သူက ထောက်ပြခဲ့သည်။အဆိုပါ အင်တာဗျူးတောက်လျှောက်တွင် အိုဘားမားသည် ထရမ့်၏ အမည်ကို တိုက်ရိုက်ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပေ။


news-view-count-icon

27