back

ကယားပြည်နယ်၊ဒီးမော့ဆိုမှာ မြေ နဲ့ ဆိုင်ငှားရမ်းခတွေ ဈေးမြင့်နေဆဲဖြစ်တာကြောင့် ရောင်းဝယ်ရေးလုပ်ကိုင်ကြတဲ့သူတွေ အခက်တွေ့ဟုဆို

Feb 15 • 1:17 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဒီးမော့ဆိုမှာ မြေ နဲ့ ဆိုင်ငှားရမ်းခတွေ ဈေးမြင့်နေဆဲဖြစ်တာကြောင့် ရောင်းဝယ်ရေးလုပ်ကိုင်ကြတဲ့သူတွေ အခက်တွေ့ဟုဆို

ကယား(ကရင်နီ)ပြည် ဒီးမော့ဆိုမြို့နယ်တွင် ဆိုင်ငှားခနဲ့ မြေငှားရမ်းခ မြင့်တက်နေဆဲဖြစ်ကာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စျေးအရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဒေသခံအများစုဟာ ...

ကယား(ကရင်နီ)ပြည် ဒီးမော့ဆိုမြို့နယ်တွင် ဆိုင်ငှားခနဲ့ မြေငှားရမ်းခ မြင့်တက်နေဆဲဖြစ်ကာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး စျေးအရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဒေသခံအများစုဟာ ရောင်းအား ကျဆင်းလာပြီး အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။"ဆိုင်ငှားတာက တချို့ဆို တခန်းထဲ (၅)သိန်းရှိတာပေါ့၊ ဒီမှာတော့ ၂ သိန်းပေါ့၊ အဲ့တော့ စျေးရောင်းတာနဲ့ မြေငှားခ၊ ဆိုင်ငှားခတွေက သိပ်မကိုက်ဘူးလေး"လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စျေးရောင်းဝယ်ရေး လုပ်ကိုင်သူ အမျိုးသမီးတဦးက ဆိုပါတယ်။လက်ရှိ ဒီးမော့ဆို အနောက်ခြမ်းက လမ်းမကြီးဘေး မြေနေရာမှာ တလတာ ငှားရမ်းခ အနည်းဆုံး ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၁၅၀,၀၀၀ ခန့်ရှိနေပြီး၊ လူနေအိမ်၊ ဆိုင်ခန်း ငှားရမ်းခအတွက် အနည်းဆုံး ၂ သိန်းကျပ်ကနေ ၅ သိန်း အထိ ရှိတယ်လို့ သိရပါတယ်။



news-view-count-icon

28