ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရတ်ဌာနီ (Surat Thani) မြို့တွင် ကွန်တိန်နာတင်ကားတစ်စီးသည် လမ်းကြောင်းချော်ကာ တံတားပေါ်မှ ပြုတ်ကျသွားခဲ့သဖြင့် လူတစ်ဦး သေဆုံးပြီး အခြားလူ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်စဥ်သည် ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၅ နာရီ ၁၇ မိနစ် အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွန်တိန်နာတင်ကားသည် အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှ ထိုးကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များက အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်ရှိလာပြီး သေဆုံး ဒဏ်ရာရရှိသူများကို ကူညီဆောင်ရွက်ပေးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး လက်ရှိတွင် အာဏာပိုင်များက ယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။



