back

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့မက္ကဒေးမီးယားသီးနှံကို အိမ်နီးချင်းနိုင်ငံတစ်ခုက ပမာဏအများအပြား ဝယ်ယူရန် ကမ်းလှမ်းထား

Feb 14 • 7:53 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့မက္ကဒေးမီးယားသီးနှံကို အိမ်နီးချင်းနိုင်ငံတစ်ခုက ပမာဏအများအပြား ဝယ်ယူရန် ကမ်းလှမ်းထား

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ မက္ကဒေးမီးယားသီးနှံကို အိမ်နီးချင်းနိုင်ငံကြီးတစ်ခုမှ ပမာဏအများဆုံးနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရ...

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ မက္ကဒေးမီးယားသီးနှံကို အိမ်နီးချင်းနိုင်ငံကြီးတစ်ခုမှ ပမာဏအများဆုံးနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲကနေ သိရပါတယ်။ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးခံစားခွင့် ပိုမိုမြန်ဆန်စေပြီး နိုင်ငံခြားဝင်ငွေတွေ ရရှိနိုင်တဲ့ ပြည်ပပို့ကုန်သီးနှံဖြစ်လို့ ရင်းနှီးမြှုပ်နှံ စိုက်ပျိုးထုတ်လုပ်လိုတဲ့ တောင်သူတွေအနေနဲ့ ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။ဒီသီးနှံနဲ့ပတ်သက်ပြီး ဒေသတွင်းရှိ ခြံငယ်ရှင်တွေ စိုက်ပျိုးထုတ်လုပ်မှုနဲ့ နည်းပညာအခက်အခဲတွေရှိရင် နည်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်‌ပေးပြီး နည်းပညာဖွံဖြိုးတိုးတက်လာစေဖို့နဲ့ ကုန်ကြမ်းအဖြစ် ထုတ်လုပ်ရောင်းချနေခြင်းကနေ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုအပြင် နိုင်ငံခြားဝင်‌ငွေများ တိုးတက်ရရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ရှမ်းပြည်နယ် မက္ကဒေးမီးယားခြံများ တာဝန်ခံပညာရှင် ဦးစီးအရာရှိ က ပြောပါတယ်။မက္ကဒေးမီးယားသီးနှံကို ၂၀၂၁ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စိုက်ဧက ၁၅,၀၀၀ ကျော်ရှိခဲ့ပြီး ၅,၀၀၀ ကျော် ရိတ်သိမ်းကာ တန်ချိန် ၁,၀၀၀ ကျော် ထွက်ရှိခဲ့ပါတယ်။လက်ရှိ ရှမ်းပြည်နယ်မှာ ၁၀ ဧကနဲ့အထက် စိုက်ပျိုးသူ ၃၄၁ ဦးရှိပြီး ခေတ်မီစိုက်ပျိုး‌ရေးနည်းစနစ်ကောင်းတွေ အသုံးပြုစိုက်ပျိုးလာကြကာ (G.A.P) လက်မှတ်ရရှိပြီးသူ ၆၇ ဦးအထိ ရှိလာပါတယ်။ရှမ်းပြည်နယ် နောင်ချိုဒေသတွင် ဧက ၅,၀၀၀ မက္ကဒေးမီးယားစီမံကိန်းရုံးကိုဖွင့်လှစ်ခဲ့ပြီး ယခုအခါ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးဧကတွေ တိုးတက်လာကြောင်း သိရပါတယ်။

news-view-count-icon

44