back

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရကာတရုတ်နိုင်ငံက ဂုဏ်ပြုစကားဆိုလာ

Feb 14 • 7:36 AM

breaking-news

China

Local News

cover

ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီအနိုင်ရကာတရုတ်နိုင်ငံက ဂုဏ်ပြုစကားဆိုလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်ချောမွေ့စွာ ကျင်းပနိုင်ခဲ့သည်ကို အသိအမှတ်ပြုကြောင်းနှင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (ဘီအင်န်ပီ) ကို ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ကြာသပတေးနေ့က ကျင်းပခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ (၁၃) ကြိမ်မြောက် ပါလီမန် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောကြားပေးရန် တောင်းဆိုမှုကို ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အကြိုရလဒ်များအရ ကြေညာပြီးစီးခဲ့သည့် တိုက်ရိုက်ရွေးကောက်တင်မြှောက်သော အမတ်နေရာ ၂၉၇ နေရာအနက် ဘီအင်န်ပီ ပါတီက ၂၀၉ နေရာဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။



news-view-count-icon

18