ရှမ်းပြည်နယ်၊ ရွာငံမြို့၊ ဈေးတန်းရပ်ကွက်၊ ချယ်ရီရတနာလမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရရှိသည်နှင့်တစ်ပြိုင်နက် ရွာငံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနှင့်အတူ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၅၉ မိနစ်တွင် မီးအပြီးသတ်ငြိမ်းသွားခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
Feb 14 • 5:03 AM
Myanmar
Shan
Share
| 32 | 0 | 0 | 0 |


