back

ပညာဘူမိတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ၊ သင်တန်းသား ၃,၇၀၀ ကျော်ကို ဘွဲ့အပ်နှင်း

Feb 14 • 4:44 AM

breaking-news

Myanmar

Yangon

cover

ပညာဘူမိတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ၊ သင်တန်းသား ၃,၇၀၀ ကျော်ကို ဘွဲ့အပ်နှင်း

ပါမောက္ခချုပ်ဆရာတော်ကြီး တည်ထောင်တော်မူသည့် ပညာဘူမိတက္ကသိုလ်၏ တတိယအကြိမ် သုတဓမ္မဒီပလိုမာနှင့် ပထမအကြိမ် သုတဓမ္မဂဝေသီ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်...

ပါမောက္ခချုပ်ဆရာတော်ကြီး တည်ထောင်တော်မူသည့် ပညာဘူမိတက္ကသိုလ်၏ တတိယအကြိမ် သုတဓမ္မဒီပလိုမာနှင့် ပထမအကြိမ် သုတဓမ္မဂဝေသီ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။ အဆိုပါအခမ်းအနားသို့ ပါမောက္ခချုပ်ဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ဩဝါဒ မိန့်ကြားတော်မူခဲ့ပြီး၊ သုတဓမ္မဒီပလိုမာရရှိသူ သင်တန်းသား ၃,၇၀၁ ဦးအား ဒီပလိုမာလက်မှတ်များ အပ်နှင်းခဲ့ကြောင်း သိရသည်။ ထို့ပြင် ပထမအကြိမ်အဖြစ် ပေးအပ်မည့် သုတဓမ္မဂဝေသီဘွဲ့နှင်းသဘင် အခမ်းအနားကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

33