back

စားအုန်းဆီဈေးတည်ငြိမ်နေကာ ရည်ညွှန်းဈေး(၆,၂၅၀)ဟုသတ်မှတ်

Feb 14 • 3:17 AM

breaking-news

Myanmar

Local

breaking-news
cover

စားအုန်းဆီဈေးတည်ငြိမ်နေကာ ရည်ညွှန်းဈေး(၆,၂၅၀)ဟုသတ်မှတ်

အခုတစ်ပတ်အတွက် စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿ(၆၂၅၀)နှုန်းသတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ဖေဖော်ဝါရီလ(၁၃)ရက်ကနေ(...

အခုတစ်ပတ်အတွက် စားအုန်းဆီ ရည်ညွှန်းဈေးတစ်ပိဿ(၆၂၅၀)နှုန်းသတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ဖေဖော်ဝါရီလ(၁၃)ရက်ကနေ(၁၉)ရက်အထိ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအဖြစ် စားအုန်းဆီတစ်ပိဿကို (၆,၂၅၀)နှုန်းဖြင့်ရောင်းချဖို့ သတ်မှတ်လိုက်တာဖြစ်ပါတယ်။ဈေးနှုန်းမြှင့်တင်ပြီးရောင်းချတာ၊ဈေးကစားရန်ရည်ရွယ်ချက်နဲ့သိုလှောင်ထားတာတွေကိုအရေးယူသွားမှာဖြစ်ပြီး ရန်ကုန်တိုင်းမှာတော့ အိမ်တိုင်ရာရောက်ဖုန်းဆက်မှာယူနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း Facebook Pageမှာ ဆက်သွယ်မှာယူနိုင်တဲ့ဖုန်းနံပါတ်တွေ ဖော်ပြထားပါတယ်။

news-view-count-icon

29