back

ရန်ကုန်-ဒလတံတားပေါ်တွင် YBS ယာဉ်လိုင်းနှစ်လိုင်း စတင်ပြေးဆွဲ၊ ခရီးသွားလာမှု ပိုမိုလွယ်ကူလာ

Feb 14 • 1:58 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-ဒလတံတားပေါ်တွင် YBS ယာဉ်လိုင်းနှစ်လိုင်း စတင်ပြေးဆွဲ၊ ခရီးသွားလာမှု ပိုမိုလွယ်ကူလာ

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်လှစ်ပြီးနောက် ရန်ကုန်နှင့် ဒလကို ဆက်သွယ်ပေးမည့် YBS ယာဉ်လိုင်းနှစ်လိုင်း (YBPC နှင့် YUPT) မှ ယာဉ်အစီးရေ ၃၀ ဖြင့် စမ်...

မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) တံတားဖွင့်လှစ်ပြီးနောက် ရန်ကုန်နှင့် ဒလကို ဆက်သွယ်ပေးမည့် YBS ယာဉ်လိုင်းနှစ်လိုင်း (YBPC နှင့် YUPT) မှ ယာဉ်အစီးရေ ၃၀ ဖြင့် စမ်းသပ်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရသည်။ အဆိုပါယာဉ်လိုင်းများသည် ဆူးလေနှင့် ဗိုလ်တထောင်ဘုရားလမ်းများသို့ အသီးသီးပြေးဆွဲပေးနေပြီး၊ ခရီးသည်စီးနင်းမှုအပေါ်မူတည်၍ ယာဉ်အစီးရေနှင့် လမ်းကြောင်းများ ထပ်မံတိုးချဲ့သွားရန်ရှိကာ လက်ရှိတွင် တံတားဖြတ်သန်းခွင့်အချိန်ကိုလည်း နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

71