back

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ချင်းမိုင် လေဆိပ် ခရီးသွားဝင်ရောက်မှုဟာ ကိုဗစ် နောက်ပိုင်း အမြင့်မားဆုံးဖြစ်နေ

Feb 14 • 1:22 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ချင်းမိုင် လေဆိပ် ခရီးသွားဝင်ရောက်မှုဟာ ကိုဗစ် နောက်ပိုင်း အမြင့်မားဆုံးဖြစ်နေ

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ ခရီးသွားလုပ်ငန်း အချက်အခြာကျတဲ့ ချင်းမိုင်မြို့မှာ ကိုဗစ်နောက်ပိုင်း ခရီးသည်ဝင်ရောက်မှုဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပါတယ်။ ပြီ...

ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့ ခရီးသွားလုပ်ငန်း အချက်အခြာကျတဲ့ ချင်းမိုင်မြို့မှာ ကိုဗစ်နောက်ပိုင်း ခရီးသည်ဝင်ရောက်မှုဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကဆိုရင် ချင်းမိုင်လေဆိပ်ကို အသုံးပြုတဲ့ ခရီးသည်အရေအတွက်ဟာ ၃၆,၅၅၄ ဦးအထိ ရှိခဲ့ပြီး ဒါဟာ စံချိန်တင်ပမာဏလည်း ဖြစ်ပါတယ်။ပုံမှန်အားဖြင့်တော့ ဒီလေဆိပ်မှာ တစ်ရက်ကို ပျမ်းမျှခရီးသည် ၃၅,၀၀၀ ဝန်းကျင်လောက် အဝင်အထွက် ရှိနေတာပါ။ လက်ရှိမှာ ချင်းမိုင်လေဆိပ်ကနေ ပြည်တွင်းခရီးစဉ် ၁၁ ခုနဲ့ ပြည်ပခရီးစဉ် ၂၂ ခုကို ပျံသန်းပြေးဆွဲပေးနေပြီး ခရီးသွားတွေအတွက် အဓိကဝင်ပေါက်တစ်ခု ဖြစ်နေပါတယ်။လေဆိပ်တာဝန်ရှိသူတွေကတော့ အခုလာမယ့် တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်းမှာ ခရီးသွားဝင်ရောက်မှု ပိုပြီးတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၂၂ ရက်နေ့အတွင်း တရုတ်နဲ့ ထိုင်ဝမ်ကနေ လာမယ့် စင်းလုံးငှားလေယာဉ်ပေါင်း ၆၉ စင်းဟာ ချင်းမိုင်ကို ဆင်းသက်ဖို့ ရှိနေပါတယ်။တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ထိုင်းနိုင်ငံဟာ တရုတ်ခရီးသွားတွေနဲ့ ဟောင်ကောင်က အုပ်စုလိုက်ခရီးသွားတွေကြား ရေပန်းအစားဆုံးနေရာ ဖြစ်နေဆဲပါ။ ဒါကြောင့်လည်း ချင်းမိုင်လေဆိပ်ဟာ ရှေ့ဆက်ပြီး ပိုပြီးစည်ကားလာမယ့် အလားအလာရှိနေပါတယ်။



news-view-count-icon

14