back

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ပြည်တော်သာရပ်၊ ဝက်တိုးဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွား

Feb 14 • 1:13 AM

breaking-news

Myanmar

Bago

breaking-news
cover

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ပြည်တော်သာရပ်၊ ဝက်တိုးဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွား

၁၃.၂.၂၀၂၆ ရက်နေ့၊ ၂၃ နာရီ၂၈မိနစ် အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ပြည်တော်သာရပ်၊ ဝက်တိုးဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆ...

၁၃.၂.၂၀၂၆ ရက်နေ့၊ ၂၃ နာရီ၂၈မိနစ် အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ပြည်တော်သာရပ်၊ ဝက်တိုးဘုရားလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီး‌ေလာင်ကြောင်းသတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်သတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ပြည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ပြည်မြို့နယ်အတွင်းရှိ အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၄.၂.၂၀၂၆ ရက်ယနေ့၊ ၀၀နာရီ ၀၅ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။


news-view-count-icon

39