ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်သို့ ယနေ့ (ဖေဖော်ဝါရီ ၁၃) မှ စတင်ကာ ရန်ကုန်-ဒလ-ရန်ကုန် YBS ယာဉ်လိုင်းများ စမ်းသပ်ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။ယာဉ်လမ်းကြောင်းများမှာ ဆူးလေ - ဒလ - ဆူးလေနှင့် ဗိုလ်တထောင်ဘုရား - ဒလ - ဗိုလ်တထောင်ဘုရားဖြစ်ပြီး ယာဉ်လိုင်းတစ်လိုင်းစီတွင် YBS စီးရေ အနည်းဆုံး (၅) စီးမှ (၁၀) စီးဖြင့် ပြေးဆွဲပေးနေသည်ဟုလည်း သိရသည်။လတ်တလော၌ ယာဉ်လမ်းကြောင်းများအနေဖြင့် စမ်းသပ်ပြေးဆွဲနေဆဲကာလ ဖြစ်သောကြောင့် အများပြည်သူလိုအပ်ချက်နှင့် ခရီးသည်စီးနင်းမှုအပေါ် မူတည်၍ လမ်းကြောင်းတိုးချဲ့ခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်း ရှိလာနိုင်ကြောင်းလည်း သိရသည်။



