back

ဖားကန့်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကို ယူကစားရာကနေ ပေါက်ကွဲလို့ ကလေးတ​ယောက်သေပြီး ကလေးသုံးယောက်ဒဏ်ရာရ

Feb 13 • 1:08 PM

breaking-news

Myanmar

Mandalay

cover

ဖားကန့်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကို ယူကစားရာကနေ ပေါက်ကွဲလို့ ကလေးတ​ယောက်သေပြီး ကလေးသုံးယောက်ဒဏ်ရာရ

ဖားကန့်မြို့နယ်၊တောင်ပြိုကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ မနက်ပိုင်း၈ နာရီ ၄၅ မိနစ်လောက် ကလေးငယ်လေးယောက်ဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်နဲ့  ဆော့ကစားရာကနေ ...

ဖားကန့်မြို့နယ်၊တောင်ပြိုကျေးရွာမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ၊ မနက်ပိုင်း၈ နာရီ ၄၅ မိနစ်လောက် ကလေးငယ်လေးယောက်ဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကျည်နဲ့  ဆော့ကစားရာကနေ မိုင်းပေါက်ကွဲပြီး တယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကလေးငယ်သုံးယောက်ထဲမှာ တယောက်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ကျန်နှစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲက စိုးရိမ်ရတဲ့ အသက် ၈ နှစ်အရွယ် မနန်းခိုင်စိုး နဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဦးကိုလင်းတို့ကို ဆေးကုသဖို့အတွက် မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 



news-view-count-icon

26