back

သန်လျင်မြို့၊ ကန်နီရေကန်တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံး

Feb 13 • 7:41 AM

breaking-news

Myanmar

Yangon

cover

သန်လျင်မြို့၊ ကန်နီရေကန်တွင် အမျိုးသားနှစ်ဦး ရေနစ်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မွန်းတည့် ၁၂:၃၀ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ရေနစ်မှုဖြ...

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ ကန်နီရေကန်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) မွန်းတည့် ၁၂:၃၀ နာရီအချိန်ခန့်က အမျိုးသားနှစ်ဦး ရေနစ်မှုဖြစ်ပွားခဲ့သည်။ သတင်းရရှိသည်နှင့်တပြိုင်နက် သန်လျင်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ပြည်သူများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော်လည်း အဆိုပါအမျိုးသားနှစ်ဦးမှာ ရေနစ်သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိပြီးနောက် မျိုးဆက်သစ်လူမှုကူညီရေးအသင်း မှ လူနာတင်ယာဉ်ဖြင့် သန်လျင်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

news-view-count-icon

33