ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၉ ရက်အထိ သတ်မှတ်ထားသည့် ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးမှာ တစ်ပိသာလျှင် ၆,၂၅၀ ကျပ် ဖြစ်ပြီး၊ ပြီးခဲ့သည့်အပတ်က ဈေးနှုန်း ၆,၁၅၀ ကျပ်ထက် ၁၀၀ ကျပ် မြင့်တက်လာကြောင်း သိရသည်။ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ပြန်ပေးနေခြင်းဖြစ်ကာ၊ သတ်မှတ်ဈေးထက် မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားပါသည်။


