အလိုတော်ပြည့်ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် လက်ထောက်တပည့်ရင်း အသျှင်ကုမာရ ဦးဆောင်သော အလှူရှင်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁) ရပ်ကွက်ရှိ ဇေယျာသစ္စာလမ်း၌ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြသည်။ အဆိုပါလှူဒါန်းမှုတွင် လှိုင်မြို့နယ်အတွင်းရှိ သံဃာတော်များ၊ သီလရှင်များနှင့် အခြေခံအိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ငါးခြောက်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအပြင် ပြည်ထောင်စုနေ့အကြိုအဖြစ် ထမနဲဘူးများကိုပါ တစ်ဦးချင်းအလိုက် ပေးအပ်လှူဒါန်းခဲ့သည်။ အသျှင်ကုမာရသည် တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်တွင် အခြေပြု၍ လပြည့်နေ့တိုင်း ပရဟိတအလှူအတန်းများ ပြုလုပ်လေ့ရှိပြီး၊ နောင်တွင်လည်း အခက်အခဲရှိသော အခြားရပ်ကွက်များသို့ ဆက်လက်လှူဒါန်းရန် အစီအစဉ်ရှိကြောင်း မိန့်ကြားထားပါသည်
လှိုင်မြို့နယ်ရှိ အခြေခံအိမ်ထောင်စုများနှင့် သံဃာတော်များအား အလိုတော်ပြည့်ဆရာတော်၏ တပည့်ရင်း ဦးဆောင်၍ စားသောက်ကုန်များ လှူဒါန်း
Feb 13 • 3:20 AM
Myanmar
Yangon
Share
| 21 | 0 | 0 | 0 |


