back

ရန်ကုန်-ဒလမြစ်ကူးတံတား ဖြတ်သန်းခွင့်အချိန်ကို မနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်သတ်မှတ်

Feb 13 • 2:25 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်-ဒလမြစ်ကူးတံတား ဖြတ်သန်းခွင့်အချိန်ကို မနက် ၄ နာရီမှ ည ၁၀ နာရီအထိ တိုးမြှင့်သတ်မှတ်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးအား ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ ယခင်သတ်မှတ်ထားသည့်အချိန်ထက် တိုးမြှင့်၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖြတ်သန်းခွင့်ပြုလို...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားကြီးအား ဖေဖော်ဝါရီ ၁၂ ရက်မှစတင်ကာ ယခင်သတ်မှတ်ထားသည့်အချိန်ထက် တိုးမြှင့်၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ တံတားဖွင့်လှစ်ပြီးနောက်ပိုင်း အသုံးပြုသူများပြားလာသည့်အတွက် ယနေ့မှစတင်ကာ တံတားဖြတ်သန်းခများကိုလည်း စတင်ကောက်ခံနေပြီဖြစ်ရာ ယာဉ်ကြောပိတ်ဆို့မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတံတားကြီးသည်မြန်မာနိုင်ငံ၌ ရေလမ်းကင်းလွတ်အမြင့်ဆုံးတံတားအဖြစ် မှတ်တမ်းဝင်ကာ ယခုအခါ ရန်ကုန်မြို့မှတစ်ဆင့် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

news-view-count-icon

45