မြန်မာလက်ရွေးစင် ယူ-၁၆အသင်း အသစ်ဖွဲ့စည်းရန် လူရွေးပွဲကို ယခုနှစ်မတ်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။လူရွေးပွဲပြုလုပ်မည့် နေ့ကို မကြာခင်ရက်ပိုင်းအတွင်း သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူ လူ ငယ်မျိုးဆက်သစ်များကို လက်ဆင့်ကမ်းမျှဝေအသိပေးထားကြရန် နှိုးဆော်ထားသည်။မြန်မာ့လက်ရွေးစင် ယူ-၁၆အသင်းအသစ်ဖွဲ့စည်းမှုအား MFF၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးအဖွဲ့ချုပ်များ၊Regional Football Training Centers (ဒေသဆိုင်ရာ ဘောလုံးလေ့ကျင့်ရေးစင်တာ)များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။



