ထိုင်းနိုင်ငံတောင်ပိုင်း ၊ဆောင်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ရှိ Patong Prathan Khiriwat ကျောင်းက ကျောင်း အုပ်ဆရာမကြီးဟာ အသက် ၁၈ နှစ်အရွယ်လူငယ်က သေနတ်နဲ့ ပစ်ခတ်ပြီး ကျောင်းသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးမှုအတွင်းရရှိတဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ Thaiger သတင်းမှာဖော်ပြထားပါတယ်။ အသက် ၁၈ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ကျောင်းထဲမှာ သေနတ်နဲ့ စတင် ပစ်ခတ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေ အများအပြားရောက်ရှိလာပြီးနောက် နာရီပေါင်းများစွာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သေနတ်သမားဟာ ကျောင်းထဲကို အတင်းဝင်ရောက်ပြီး ကျောင်းသားတွေကို ဓားစာခံ အဖြစ်ဖမ်းဆီးနေတဲ့အချိန် မှာ ကျောင်းအုပ်ဆရာမကြီး Mrs. Sasinphat က ကျောင်းသားတွေကိုယ်စား ဓားစာခံအဖြစ် အလဲအလှယ်လုပ် ကာ အသက်စွန့်ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာမကြီးကို အထူးကြပ်မတ်ကုသဆောင် (ICU) မှာ အရေးပေါ်ကုသပေးခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၃ နာရီမှာ ကွယ်လွန်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေ မှာ ဖော်ပြထားပါတယ်။



