back

မကွေး၊မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

Feb 12 • 7:15 AM

breaking-news

Myanmar

Local

breaking-news
cover

မကွေး၊မန်းရွှေစက်တော်ရာဘုရားပွဲတော်သို့ လာရောက်လည်ပတ်သူများပြား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပက...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း ရွှေစက်တော်ဂေါပကအဖွဲ့မှ သိရသည်။မန်းရွှေစက်တော်ဘုရားပွဲတော်ကို၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် ၈၆ ရက်ကြာ ကျင်းပလျက်ရှိသည်။ လမ်းခရီးကအဆင်ပြေတယ်။ နည်းနည်းပါးပါးစစ်တာတော့ရှိတာပေါ့။ ဟိုမှာလည်း တည်းခိုရတာအဆင်ပြေတယ်။ သွားလို့ရတယ်။ အေးအေးဆေးဆေးပါပဲ" ဟု ဘုရာဖူးပြည်သူတစ်ဦးက ပြောသည်။ထို့ပြင်အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရဟန်းရှင်လူပြည်သူများဖြင့် စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ရန် တည်းခိုဆောင်ခန်းပေါင်း ၅,၀၀ ကျော်နှင့် ဈေးဆိုင်ခန်း ၇၀၀ ကျော်ကို မန်းချောင်းသောင်ပြင်တွင် ဆောက်လုပ်ထားပြီး ညအိပ်တည်းခိုခွင့်ပြုထားကြောင်း သိရသည်။မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို နှစ်စဉ် ပွင့်လင်းရာသီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

news-view-count-icon

70