မြန်မာ လူငယ် အမျိုးသား နှင့် အမျိုးသမီး ယူ ၁၇ အသင်းများ ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၂၆ ယူ ၁၇ အမျိုးသား နှင့် အမျိုးသမီး အာရှဖလားပြိုင်ပွဲများအတွက် မဲခွဲပွဲကိုတော့ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၃၀ မိနစ်အချိန်မှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသား ယူ ၁၇ အသင်းယှဥ်ပြိုင်ကစားသွားမယ့် AFC U-17 Asian Cup 2026 (men) ပြိုင်ပွဲကိုတော့ ဆော်ဒီအာရေးဘီးယား နိုင်ငံကနေ လက်ခံကျင်းပသွားမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းပေါင်း ၁၆ သင်း ပါဝင်ကာ ပြိုင်ပွဲကိုတော့ မေလ ၅ ရက် ကနေ မေလ ၂၂ ရက်နေ့အထိကျင်းပ သွားမှာဖြစ်ပါတယ်။ မြန်မာအမျိုးသား ယူ ၁၇ အသင်းကတော့ အုပ်စုမဲခွဲပွဲမှာ မဲအိုး နံပါတ် ၄ မှာ မြောက်ကိုရီးယား ၊ UAE နှင့် ကာတာအသင်းတို့နဲ့အတူ ကျရောက်နေပါတယ်။ မဲအိုး နံပါတ် ၃ မှာကတော့ အိန္ဒိယ ၊ ဗီယက်နမ် ၊ တရုတ် နှင့် ထိုင်း အသင်းတို့ပါဝင်နေတာကြောင့် မြန်မာအသင်းကတော့ အုပ်စုတွင်းမှာ အိမ်နီးချင်းပြိုင်ဘက် တစ်သင်းသင်းနဲ့တော့ အတူတူကျရောက်ဖို့ရှိနေပါတယ်။ မြန်မာအမျိုးသား ယူ ၁၇ အသင်းယှဥ်ပြိုင်ကစားသွားမယ့် AFC U-17 Asian Cup (men) ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံကတော့ ဥဇဘတ်ကစ္စတန်အသင်းဖြစ်ပြီး ဒီပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်တက်နိုင်တဲ့ အသင်းပေါင်း ရှစ်သင်းကတော့ FIFA U-17 World Cup Qatar 2026 (ယူ ၁၇ အမျိုးသား ကမ္ဘာ့ဖလား) ပြိုင်ပွဲကို တိုက်ရိုက်ဝင်ရောက်ကစားခွင့်ရမယ့် အခွင့်အရေးရှိနေတာပဲဖြစ်ပါတယ်။
Feb 12 • 4:08 AM
Myanmar
Local
Share
| 38 | 0 | 0 | 0 |


