ဗီယက်နမ်၏ အိမ်နီးချင်းနိုင်ငံအချို့တွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုများ ပြန်လည်တွေ့ရှိလာရပြီးနောက် ဟိုချီမင်းစီးတီးရှိ တန်ဆွန်းညက် (Tan Son Nhat) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်များအား ရောဂါစောင့်ကြည့်စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။ အထူးသဖြင့် ရောဂါဖြစ်ပွားရာဒေသများမှ လာရောက်သော ခရီးသည်များတွင် ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ရှိ၊ မရှိကို thermal cameras များဖြင့် အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်သည်။ နီပါးဗိုင်းရပ်စ်သည် တိရစ္ဆာန် (အထူးသဖြင့် လင်းနို့) မှတစ်ဆင့် လူသို့ ကူးစက်တတ်ပြီး သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်မားသောကြောင့် လေဆိပ်ကျန်းမာရေးဌာနအနေဖြင့် သံသယဖြစ်ဖွယ်လူနာများကို သီးခြားခွဲထုတ်၍ အရေးပေါ်ကုသနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ဗီယက်နမ်၌နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုကို စောင့်ကြည့်ရန် ဟိုချီမင်းစီးတီး လေဆိပ်တွင် စစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်
Feb 12 • 3:40 AM
Vietnam
Local News
Share
| 9 | 0 | 0 | 0 |


