ထိုင်းနိုင်ငံအတွင်း ကရိန်းပြိုကျမှုကြောင့် မြန်မာလုပ်သား ေ-သဆုံးခဲ့သည့်အပေါ် ရသင့်ရထိုက်သည်များကို ရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးနေကြောင်း အလုပ်သမားသံအရာရှိရုံးထံက သိရသည်။ ယခုလ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ဝပ်သနာခရိုင်၊ Terminal 21 Asok ဈေးဝယ်စင်တာအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ကရိန်းပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အပေါ် အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် နစ်နာမှုမရှိစေရေးနှင့် ရသင့်ရထိုက်သည်များကိုရရှိနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ကူညီဆောင်ရွက်ပေးမည်ဟု ဖော်ပြထားသည်။ အလုပ်သမားသံအရာရှိရုံးအနေဖြင့် လုမ္ဗနီမြို့နယ်အပိုင် ရဲစခန်းသို့ သွားရောက်၍ စုံစမ်းမေးမြန်းခဲ့ပြီး၊ မိသားစုဝင်ဖြစ်သူထံသို့လည်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။



