back

၂၀၂၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ကြွေးမြီ စံချိန်တင်မြင့်မားလာ

Feb 11 • 4:09 PM

breaking-news

Japan

Local News

cover

၂၀၂၅ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ကြွေးမြီ စံချိန်တင်မြင့်မားလာ

ဂျပန်အစိုးရရဲ့ ကြွေးမြီဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ စံချိန်တင် အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ကုန်မှာ အစိုးရကြွေးမြီဟာ ယန်း ၁,၃၄၂.၁၇၂ ထရီလီယံ တစ်နည်းအား...

ဂျပန်အစိုးရရဲ့ ကြွေးမြီဟာ ပြီးခဲ့တဲ့နှစ်ကုန်မှာ စံချိန်တင် အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ကုန်မှာ အစိုးရကြွေးမြီဟာ ယန်း ၁,၃၄၂.၁၇၂ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၈.၆ ထရီလီယံလောက် ရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်ကထက် ယန်း ၂၄.၅ ထရီလီယံလောက် မြင့်တက်လာတာဖြစ်ပါတယ်။ အသေးစိတ်ခွဲထုတ်ကြည့်လိုက်ရင် အစိုးရငွေချေးစာချုပ်တွေက ယန်း ၁,၁၉၇.၆ ထရီလီယံလောက်၊ ရေတိုငွေချေးစာချုပ်တွေက ယန်း ၁၀၀.၄ ထရီလီယံနီးပါးနဲ့ ချေးယူငွေတွေက ယန်း ၄၄.၁ ထရီလီယံလောက်ရှိပါတယ်။ အစိုးရငွေချေးစာချုပ်ပမာဏဟာ ယန်း ၂၄ ထရီလီယံကျော် မြင့်တက်လာခဲ့ပါသည်။



news-view-count-icon

3