back

ဒရုန်းစေလွှတ်သည့်ကိစ္စအတွက် သူလျှိုဌာနကို တောင်ကိုရီးယားရဲ ဝင်စီး

Feb 11 • 7:03 AM

breaking-news

South Korea

Local News

cover

ဒရုန်းစေလွှတ်သည့်ကိစ္စအတွက် သူလျှိုဌာနကို တောင်ကိုရီးယားရဲ ဝင်စီး

ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားဝေဟင်ပိုင်နက်တွင် ပ-စ်ချခံခဲ့ရသော ဒရုန်းတစ်စင်း၏ အစိုးရနှင့်ဆက်နွယ်နိုင်ခြေအပေါ် စုံစမ်းစစ်ဆေးနေသော စစ်ဆေးရေးမှူးများသည် အင်္ဂ...

ယခုနှစ်အစောပိုင်းက မြောက်ကိုရီးယားဝေဟင်ပိုင်နက်တွင် ပ-စ်ချခံခဲ့ရသော ဒရုန်းတစ်စင်း၏ အစိုးရနှင့်ဆက်နွယ်နိုင်ခြေအပေါ် စုံစမ်းစစ်ဆေးနေသော စစ်ဆေးရေးမှူးများသည် အင်္ဂါနေ့တွင် တောင်ကိုရီးယားထောက်လှမ်းရေးဌာနကို ဝင်ရောက်စီးနင်းခဲ့ကြသည်။ ဇန်နဝါရီလအတွင်းက ဆိုးလ်သည် ကေဆောင်ဒေသအတွင်းသို့ ဒရုန်းတစ်စင်းစေလွှတ်ခဲ့သည်ဟု ပြုံယမ်းက စွပ်စွဲခဲ့ပြီး ဓာတ်ပုံများထုတ်ပြန်ကာ ပစ်ချခဲ့သော ဒရုန်းအပျ-က်အစီးများကို ပြသခဲ့သည်။ ယင်းကိစ္စတွင် အစိုးရပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆိုးလ်က အစပိုင်းတွင် ငြင်းဆိုခဲ့ သော်လည်းအဆိုပါလုပ်ရပ်သည် မြောက်ကိုရီးယားနယ်မြေအတွင်းကို ပ-စ်ခတ်ခြင်းနှင့်ဆက်စပ်လိမ့်မည်ဟု သမ္မတ လီဂျေးမြောင်က ပြောကြားခဲ့သည်။


news-view-count-icon

9