အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်ရည်ရွယ်၍ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက နေပြည်တော်ရှိ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ အိုးစည်၊ ဒိုးပတ်၊ သံချပ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီးများ၊ အရာထမ်း၊ အမှုထမ်းများ ပျော်ပျော်ပါးပါး တက်ရောက်ဆင်နွှဲခဲ့ကြသည်။ ပြိုင်ပွဲတွင် ဌာနခွဲအသီးသီးမှ ဝန်ထမ်းများက တက်ညီလက်ညီ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်လူကြီးများ၏ အကဲဖြတ်မှုအရ စီမံရေးရာနှင့်ဘဏ္ဍာရေးရာဌာနခွဲအသင်းက ပထမဆု၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) အသင်းက ဒုတိယဆုနှင့် အားကစားနှင့်ပညာရေးပေါင်းစပ်ဌာနခွဲအသင်းက တတိယဆုများ အသီးသီးရရှိခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် တပို့တွဲလ၏ ရိုးရာဓလေ့ကို စုပေါင်းအင်အားဖြင့် ဖော်ဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Feb 11 • 4:17 AM
Myanmar
Naypyidaw
Share
| 16 | 0 | 0 | 0 |


