ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ အွန်လိုင်းလုပ်ငန်း (အလုပ်ရုံ) တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂၃ ဦးသည် ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာ ပဋိပက္ခများကြောင့် ရန်ပြုခံရမည်စိုးရိမ်သဖြင့် ခွင့်ယူခဲ့ရာမှ အလုပ်ထုတ်ခံခဲ့ရသည်။ အလုပ်သမားများသည် ဇန်နဝါရီ ၂၈ ရက်တွင် ထိုင်းမျိုးချစ်အဖွဲ့များ လာရောက်မည်ကို စိုးရိမ်သဖြင့် အလုပ်ရှင်ထံ အသနားခံ၍ ခွင့်ယူခဲ့သော်လည်း နောက်တစ်ရက် အလုပ်ပြန်ဆင်းချိန်တွင် အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်သည်။ လက်ရှိတွင် အလုပ်သမားများ၏ နစ်နာမှုများအတွက် MHAC အဖွဲ့က သက်ဆိုင်ရာ နယ်မြေခံ ဆဝါဒီကန် (အလုပ်သမားကာကွယ်စောင့်ရှောက်ရေး) ရုံး၌ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးနေပြီး အလုပ်ရှင်ဘက်မှ အကြောင်းပြန်ကြားမှုကို စောင့်ဆိုင်းနေကြောင်း သိရှိရပါသည်။
Feb 11 • 4:14 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


