ကချင်ပြည်နယ်အတွင်းရှိ သာသနာ့အာဇာနည် ရဟန်းတော်နှင့် သီလရှင် စုစုပေါင်း (၁၄) ပါးတို့အား နိုင်ငံတော်ကိုယ်စား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းမည့် အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့သည်။ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ဤအခမ်းအနားသည် နိုင်ငံတော်အဆင့် အလေးထားဆောင်ရွက်ရမည့် ပွဲဖြစ်သဖြင့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျရှိရန် လမ်းညွှန်ထားသည်။ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ အပါအဝင် ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော် (၁၂) ပါးနှင့် သီလရှင် (၂) ပါးတို့ကို ဆက်ကပ်ပူဇော်သွားမည်ဖြစ်ပြီး၊ အဆိုပါနေ့တွင် နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုပါ ခမ်းနားထည်ဝါစွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်တွင် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ ခမ်းနားစွာကျင်းပရန် ပြင်ဆင်
Feb 11 • 4:13 AM
Myanmar
Kachin
Share
| 22 | 0 | 0 | 0 |


