back

ရာမညယူနိုက်တက်ကစားသမား PEMA ZANGPO AFC ခြေစစ်ပွဲအတွက် ဘူတန်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

Feb 11 • 3:25 AM

breaking-news

Myanmar

Local

cover

ရာမညယူနိုက်တက်ကစားသမား PEMA ZANGPO AFC ခြေစစ်ပွဲအတွက် ဘူတန်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

ရာမညယူနိုက်တက်အသင်း၏ ဘူတန်လက်ရွေးစင်ကစားသမား PEMA ZANGPO သည် AFC ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မိခင်နိုင်ငံသို့ ယနေ့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်...

ရာမညယူနိုက်တက်အသင်း၏ ဘူတန်လက်ရွေးစင်ကစားသမား PEMA ZANGPO သည် AFC ခြေစစ်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မိခင်နိုင်ငံသို့ ယနေ့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း အသင်းက ထုတ်ပြန်ကြေညာသည်။ ၎င်းသည် ဘူတန်လက်ရွေးစင် (ယူ-၂၃) အသင်းနှင့် လက်ရွေးစင်အသင်းကြီးတို့တွင် ပူးပေါင်းပါဝင်ရန် သွားရောက်ခြင်းဖြစ်ပြီး၊ ထိုသို့ထွက်ခွာသွားမှုကြောင့် ရာမညယူနိုက်တက်အသင်း၏ ယခုရာသီ လက်ကျန်ပြိုင်ပွဲများတွင် ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ပေ။ အသင်းအနေဖြင့် ၎င်းအတွက် ဆုမွန်ကောင်းများ တောင်းပေးထားပြီး နောင်တစ်ချိန်တွင် ပြန်လည်ဆုံတွေ့ရန် မျှော်လင့်ကြောင်းလည်း ဖော်ပြထားပါသည်။

news-view-count-icon

25