၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ အွမ်နွိုင်းမြို့နယ်ရှိ ASA Motor Parts Co., Ltd. မော်တော်ယာဉ်အပိုပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် ပေါက်ကွဲမှုနှင့်အတူ မီးလောင်မှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် အလုပ်သမား ၁၄ ဦး ပြင်းထန်စွာ မီးလောင်ဒဏ်ရာရရှိခဲ့သည်။ တာယာထုတ်လုပ်သည့်စက်မှ မီးပွားထွက်ရာမှတစ်ဆင့် မီးလောင်လွယ်သော မဂ္ဂနီဆီယမ်သတ္တုများပေါ်သို့ ကျရောက်ကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့က ရေတင်ကား ၁၀ စီးကျော်အပြင် အထူးဓာတုအမြှုပ်များနှင့် သဲများကို အသုံးပြုကာ နာရီပေါင်းများစွာကြာအောင် ငြှိမ်းသတ်ခဲ့ရသည်။ ဒဏ်ရာရရှိသူများကို ကသွမ်ဘန်နှင့် မဟာချိုင်ဆေးရုံများသို့ ပို့ဆောင်ကုသပေးထားပြီး၊ ရဲတပ်ဖွဲ့နှင့် မီးဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များက ဖြစ်စဉ်ဖြစ်ပွားရသည့် အသေးစိတ်အကြောင်းရင်းနှင့် တာဝန်ရှိမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ရှိ မော်တော်ယာဉ်အပိုပစ္စည်းစက်ရုံ မီးလောင်မှုကြောင့် အလုပ်သမား ၁၄ ဦး ဒဏ်ရာရ
Feb 11 • 3:23 AM
Thailand
Local News
Share
| 17 | 0 | 0 | 0 |


