back

ရုရှားကလပ် ဇင်းနစ်အသင်းထံ ဒူရန် ထပ်မံပြောင်းရွှေ့ပြီး လေးရာသီအတွင်း ငါးသင်းအထိ ရှိလာ

Feb 10 • 3:58 AM

breaking-news

Myanmar

International

cover

ရုရှားကလပ် ဇင်းနစ်အသင်းထံ ဒူရန် ထပ်မံပြောင်းရွှေ့ပြီး လေးရာသီအတွင်း ငါးသင်းအထိ ရှိလာ

ကိုလံဘီယာလူငယ်တိုက်စစ်မှူး ဒူရန်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ရာသီကုန်အထိ အငှားထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ဒါကြောင့် ဒူရန်အနေနဲ့ လေးရာသီအတွင်းမှာ ကလပ်အသင်းပေါင်း ...

ကိုလံဘီယာလူငယ်တိုက်စစ်မှူး ဒူရန်ဟာ ရုရှားကလပ် ဇင်းနစ်အသင်းထံ ရာသီကုန်အထိ အငှားထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။ဒါကြောင့် ဒူရန်အနေနဲ့ လေးရာသီအတွင်းမှာ ကလပ်အသင်းပေါင်း ငါးသင်းအထိ ရှိလာခဲ့ပါတယ်။ဒူရန်ဟာ မိခင်နိုင်ငံကလပ် အန်ဗီဂါဒိုအသင်းနဲ့ ပရိုပွဲဦးထွက်ခဲ့ပြီး ချီကာဂိုဖိုင်းယား၊ အက်စတွန်ဗီလာ၊ အယ်လ်နာဆာ၊ ဖီနာဘာချီအသင်းတွေမှာ ကစားခဲ့ပါတယ်။၎င်းဟာ အယ်လ်နာဆာကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ ဖီနာဘာချီနဲ့ အငှားစာချုပ်ကို ဖျက်သိမ်းခဲ့တာဖြစ်တယ်။ဖီနာဘာချီအသင်းမှာ ပြိုင်ပွဲစုံ ၂၁ ပွဲကစား ငါးဂိုးသွင်း၊ နှစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။အယ်လ်နာဆာအသင်းဟာ ဒူရန်ကို ဖီနာဘာချီကနေ ခေါ်ယူခဲ့ချိန်မှာ ယူရို ၇၇ သန်းလောက် ကုန်ကျခဲ့ပါတယ်။

news-view-count-icon

32