back

အင်တာနက်လိုင်းကျသဖြင့် ပျဥ်းမနားဘူတာတွင် အွန်လိုင်းရထားလက်မှတ်ထုတ်ယူသူများ အခက်ကြုံ

Feb 10 • 2:59 AM

breaking-news

Myanmar

Naypyidaw

cover

အင်တာနက်လိုင်းကျသဖြင့် ပျဥ်းမနားဘူတာတွင် အွန်လိုင်းရထားလက်မှတ်ထုတ်ယူသူများ အခက်ကြုံ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနားဘူတာတွင် အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူထားသည့် ရထားလက်မှတ်များကို ပ...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက နေပြည်တော်၊ ပျဉ်းမနားဘူတာတွင် အင်တာနက်လိုင်းပြတ်တောက်မှုကြောင့် အွန်လိုင်းမှ ကြိုတင်ဝယ်ယူထားသည့် ရထားလက်မှတ်များကို ပရင်တာဖြင့် ထုတ်ပေး၍မရဘဲ ဝန်ထမ်းများနှင့် ခရီးသည်များ အကြပ်အတည်းတွေ့ခဲ့ရသည်။ ရုံးပိတ်ရက်ရှည်ကာလဖြစ်၍ ဆာဗာ (Server) အသုံးပြုမှု များပြားခြင်းနှင့်အတူ ဘူတာအသီးသီးမှ တစ်ပြိုင်တည်း ပရင်ထုတ်နေခြင်းတို့ကြောင့် လိုင်းကျသွားခြင်းဖြစ်ပြီး၊ ရထားထွက်ချိန်နီးကပ်နေသည့် ခရီးသည်များအတွက် ဖုန်းမှတစ်ဆင့် စခရင်ရှော့ (Screenshot) ပြခိုင်းခြင်းနှင့် လက်ရေးဖြင့် ထောက်ခံစာများ ပြုလုပ်ပေးခြင်းတို့ဖြင့် ဝိုင်းဝန်းဖြေရှင်းပေးခဲ့ရကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် လက်ရှိတွင် စမ်းသပ်ကာလသာရှိသေးပြီး နည်းပညာစနစ်ကို ထပ်မံအဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း ပျဉ်းမနားဘူတာ ရုံပိုင်ကြီး ဦးကျော်မိုးလွင်က ပြောကြားခဲ့ပါသည်။

news-view-count-icon

87