back

စင်ကာပူ Sengkang Community Hub အနီး ဘတ်စ်ကားချင်းတိုက်မှုဖြစ်ပွား - ဒရိုင်ဘာအပါအဝင် ၁၃ ဦး ဆေးရုံတင်ပို့ရ

Feb 10 • 2:16 AM

breaking-news

Singapore

Local News

cover

စင်ကာပူ Sengkang Community Hub အနီး ဘတ်စ်ကားချင်းတိုက်မှုဖြစ်ပွား - ဒရိုင်ဘာအပါအဝင် ၁၃ ဦး ဆေးရုံတင်ပို့ရ

စင်ကာပူနိုင်ငံ Sengkang East Road တစ်လျှောက်မှာဖေဖော်ဝါရီလ ၉ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်ခန့်မှာ လူစီးဘတ်စ်ကား နှစ်စီး တိုက်မိတဲ့ မတော်တဆမ...

စင်ကာပူနိုင်ငံ Sengkang East Road တစ်လျှောက်မှာဖေဖော်ဝါရီလ ၉ ရက်နေ့၊ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင်အချိန်ခန့်မှာ လူစီးဘတ်စ်ကား နှစ်စီး တိုက်မိတဲ့ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ Sengkang Community Hub အပြင်ဘက်က ဘတ်စ်ကားမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် ဘတ်စ်ကားဒရိုင်ဘာအပါအဝင် ခရီးသည် အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ မှတ်တိုင်ရှေ့မှာ ရပ်ထားတဲ့ အစိမ်းရောင်ဘတ်စ်ကားတစ်စီးရဲ့ နောက်ဘက်မှာ အခြားဘတ်စ်ကားသုံးစီး တန်းစီနေတာကို တွေ့ရပါတယ်။ အဲ့ဒီထဲက ဘတ်စ်ကားတစ်စီးရဲ့ ရှေ့လေကာမှန်ဟာ အက်ကွဲပျက်စီးနေပြီး ရှေ့ဘန်ဘာတစ်ခုလုံးလည်း ပြုတ်ထွက်လုနီးပါး ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တာပါ။ အခင်းဖြစ်ပွားတဲ့ နေရာတစ်ဝိုက်ကိုတော့ ရဲတပ်ဖွဲ့က အဝါရောင်တိပ်တွေနဲ့ ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ဒီမတော်တဆမှုအတွင်း ထိခိုက်ခဲ့ရတဲ့ နစ်နာသူတွေကို ကူညီဖို့အတွက် စင်ကာပူနိုင်ငံသား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (SCDF) က ချက်ချင်းရောက်ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးကို Sengkang General Hospital သို့လည်းကောင်း၊ ကျန်တစ်ဦးကိုတော့ Khoo Teck Puat Hospital သို့လည်းကောင်း အသီးသီး ပို့ဆောင်ပေးခဲ့ပါတယ်။ နစ်နာသူတွေထဲမှာ အသက် ၂၄ နှစ်ကနေ ၈၁ နှစ်အတွင်းရှိတဲ့ ခရီးသည်တွေ ပါဝင်နေပြီး အားလုံးဟာ ဆေးရုံပို့ဆောင်ချိန်မှာ သတိရှိနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

15