back

မလေးရှားနိုင်ငံဂျိုဟိုးရ်ဂိတ်တွင် လမ်းကြောင်းမှားဝင်လာသည့် စင်ကာပူကားကို ရဲတပ်ဖွဲ့ဝင်က သေနတ်ထုတ်တားဆီး

Feb 10 • 2:03 AM

breaking-news

Malaysia

Local

cover

မလေးရှားနိုင်ငံဂျိုဟိုးရ်ဂိတ်တွင် လမ်းကြောင်းမှားဝင်လာသည့် စင်ကာပူကားကို ရဲတပ်ဖွဲ့ဝင်က သေနတ်ထုတ်တားဆီး

မလေးရှားနိုင်ငံ ဂျိုဟိုးရ်ဂိတ်တွင် စင်ကာပူလိုင်စင်နံပါတ်ပြားတပ်ဆင်ထားသည့် ကားတစ်စီးက လမ်းကြောင်းမှားမောင်းနှင်ရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထုတ်ကာ ချိန်ရွယ်တားဆီး...

မလေးရှားနိုင်ငံ ဂျိုဟိုးရ်ဂိတ်တွင် စင်ကာပူလိုင်စင်နံပါတ်ပြားတပ်ဆင်ထားသည့် ကားတစ်စီးက လမ်းကြောင်းမှားမောင်းနှင်ရာမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ထုတ်ကာ ချိန်ရွယ်တားဆီးခဲ့ရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုးရ်ဗာရူးမြို့ရှိ Sultan Iskandar Building (BSI) လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဂိတ်၌ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။ စင်ကာပူလိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် Volkswagen အမျိုးအစား ကားတစ်စီးသည် လမ်းကြောင်းမှန်အတိုင်း မမောင်းနှင်ဘဲ မျက်နှာချင်းဆိုင် လမ်းကြောင်းအတွင်းသို့ အရှိန်ဖြင့် မှားယွင်းမောင်းနှင်ဝင်ရောက်လာခဲ့ပါသည်။ထိုသို့ လမ်းကြောင်းမှားဝင်ရောက်လာစဉ် အခြားယာဉ်တစ်စီး၏ ရှေ့ကင်မရာ (Dashboard Camera) တွင် ထိုဖြစ်စဉ်ကို အတိုင်းသား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ဖြစ်စဉ်မှာ ဂျိုဟိုးရ်ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် လမ်းကြောင်းမှားဝင်လာသည့် အဆိုပါကားကို ရပ်တန့်ရန် အချက်ပြတားဆီးခဲ့သော်လည်း ယာဉ်မောင်းဖြစ်သူက ရပ်တန့်ခြင်းမရှိဘဲ ရှေ့တိုးနောက်ဆုတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များကြားမှ ရုန်းထွက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပါသည်။လက်ရှိတွင် အဆိုပါကား၏ လိုင်စင်နံပါတ်ပြားကို စင်ကာပူသယ်ယူပို့ဆောင်ရေးဌာန (LTA) ၏ OneMotoring ဝက်ဘ်ဆိုက်တွင် ရှာဖွေရာ၌ မှတ်တမ်းတစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် အဆိုပါယာဉ်မှာ နံပါတ်ပြားအတု ဖြစ်နိုင်ခြေရှိမရှိနှင့် ယာဉ်မောင်းသူ မည်သူမည်ဝါဖြစ်သည်ကို တာဝန်ရှိသူများက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရပါသည်။ ဤဖြစ်စဉ်တွင် မည်သည့်နစ်နာသူမျှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိသော်လည်း ယာဉ်စည်းကမ်းဖောက်ဖျက်မှုနှင့် အာဏာပိုင်များကို ဖီဆန်မှုတို့ဖြင့် ပြင်းထန်စွာ အရေးယူခံရနိုင်ဖွယ် ရှိနေပါသည်။


news-view-count-icon

10