back

EV ယာဉ်များအတွက် Station များ၌ ဓာတ်အားသွင်းခများ တိုးမြှင့်သတ်မှတ်လာ

Feb 09 • 4:33 PM

breaking-news

Myanmar

Yangon

cover

EV ယာဉ်များအတွက် Station များ၌ ဓာတ်အားသွင်းခများ တိုးမြှင့်သတ်မှတ်လာ

EV ယာဉ်များအတွက် Station များတွင်အားသွင်းရသည့် ဓာတ်အားသွင်းခများမှာ ယခုရက်ပိုင်းအတွင်း တိုးမြှင့်သတ်မှတ်ခြင်းများရှိလာကြောင်း ကိုယ်တိုင်ကြုံသည့် ယာဉ်ပိုင်ရှင်မျ...

EV ယာဉ်များအတွက် Station များတွင်အားသွင်းရသည့် ဓာတ်အားသွင်းခများမှာ ယခုရက်ပိုင်းအတွင်း တိုးမြှင့်သတ်မှတ်ခြင်းများရှိလာကြောင်း ကိုယ်တိုင်ကြုံသည့် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။အဆိုပါ ဓာတ်အားသွင်းခများမှာ မူလက တစ်ယူနစ်လျှင် ၃၀၀ ကျပ်သာရှိခဲ့ရာမှ ၇၅၀ ကျပ်သို့ တိုးမြှင့်လာခဲ့ပြီး ယခုအခါ ၁၂၅၀ ကျပ်အထိဖြစ်လာကြောင်း ကိုယ်တိုင်ကြုံသူများက ဆိုကြသည်။ယခုဖေဖော်ဝါရီ ပထမပတ်အတွင်း ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်ရှိ လျှပ်စစ်အားသွင်းရုံများတွင် အားသွင်းခမှာ ကိုယ်ပိုင်ယာဉ်များအတွက် ၁၂၅၀ ကျပ်၊ ခရီးသည်တင်ယာဉ်နှင့် တက္ကစီများအတွက် ၁၂၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်းအသစ်ပြောင်းကာ ကောက်ခံမှုများရှိကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ အားသွင်းရုံအချို့၌ မူလစျေးအတိုင်း တစ်ယူနစ် ၇၅၀ ကျပ်ဖြင့် ကောက်ခံသည့် နေရာအချို့ရှိနေသေးကြောင်း သိရသည်။ထိုသို့စျေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းမှာ မူဝါဒညွှန်ကြားချက်များအရ အမြန်လမ်းသာမက မြို့တွင်း DC Station များတွင် စျေးနှုန်းတပြေးညီအဖြစ် တစ်တန်းတည်းသတ်မှတ်ခြင်းကြောင့်ဖြစ်ပြီး တစ်ယူနစ်လျှင် အိမ်စီးယာဉ်များအတွက် ၁၂၅၀ ကျပ်ဖြင့် သတ်မှတ်ခြင်းဖြစ်ကြောင်း EV အားသွင်း Station တစ်ခု၏ တာဝန်ရှိသူထံမှ သိရသည်။



news-view-count-icon

36