back

မိုးနဲမြို့ရှိလောင်းကစားဝိုင်းများ စုံစမ်းစစ်ဆေး‌ပေးရန် ဒေသခံများ တောင်းဆို

Feb 09 • 4:32 PM

breaking-news

Myanmar

Shan

cover

မိုးနဲမြို့ရှိလောင်းကစားဝိုင်းများ စုံစမ်းစစ်ဆေး‌ပေးရန် ဒေသခံများ တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ကာစီနိုပုံစံ လောင်းကစားဝိုင်းများရှိနေပြီး ဒေသခံများက ပြည်ထောင်စုအဆင့်မှ သီးခြာစုံစမ်းစစ်ဆေးပေးကာ ဥပဒေနှ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့တွင် ကာစီနိုပုံစံ လောင်းကစားဝိုင်းများရှိနေပြီး ဒေသခံများက ပြည်ထောင်စုအဆင့်မှ သီးခြာစုံစမ်းစစ်ဆေးပေးကာ ဥပဒေနှင့်မညီပါက ထိရောက်စွာ အရေးယူဆောင်ရွက်ပေးပါရန်တောင်းဆိုထားသည်။မိုးနဲမြို့ရှိ ကာစီနိုပုံစံ လောင်းကစားဝိုင်းကြီးတွင် ဓာတ်ပုံရိုက်ခြင်းကို တားမြစ်ထားကြောင်း သိရသည်။မိုးနဲမြို့ရှိ ကာစီနိုပုံစံ လောင်းကစားဝိုင်းများကြောင့် ဒေသခံတချို့သည် အိမ်၊ ဆိုင်ကယ်၊ ဖုန်း စသည့် ပစ္စည်းများကို ပေါင်ထားပြီး လောင်းကစားဆက်လုပ်ခြင်းကြောင့် ပိုင်ဆိုင်မှုဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ အဆိုပါဆုံးရှုံးမှုများကြောင့် မိသားစုအတွင်း အငြင်းပွားမှုများ၊ လင်မယားခွဲခွာမှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်နေပြီး ၊ မှုခင်းများဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပူပန်နေကြသည်။



news-view-count-icon

21