ဂျပန်အသင်းဟာ ၂၀၂၆ ခုနှစ် Milano Cortina ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ ဒုတိယနေ့ဖြစ်တဲ့ စနေနေ့မှာ အမျိုးသား snowboard big air ပြိုင်ပွဲက ရွှေတံဆိပ်တစ်ခု နဲ့ ငွေတံဆိပ်တစ်ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ်သုံးခု ဆွတ်ခူး ရရှိခဲ့ပါတယ်။ ဂျပန်အသင်းက Kimura Kira ဟာ သူ့ရဲ့ ပထမဆုံး အိုလံပစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုဖြစ်တဲ့ အခုပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ပြီး၊ သူ့လိုပဲပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်သူ Kimata Ryoma ကလည်း ငွေတံဆိပ်ရရှိခဲ့ပါတယ်။ ဂျပန်အသင်းဟာ အခုဆိုရင် ရွှေတစ်ခု၊ ငွေတစ်ခုနဲ့ ကြေးတစ်ခုစီ ဆွတ်ခူးထားပြီး အိမ်ရှင်အီတလီ နဲ့ နော်ဝေးအသင်းတို့နဲ့အတူ ဆုတံဆိပ်ဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။



