တရုတ်နိုင်ငံဗဟိုဘဏ် People's Bank of China (PBOC)သည် ဇန်နဝါရီလတွင် ရွှေကိုဆက်တိုက် ၁၅ လမြောက်အဖြစ် ဝယ်ယူခဲ့သည်။ PBOC သည် ၂၀၂၄ ခုနှစ် မေလတွင် ၁၈ လကြာ လစဉ်လတိုင်း ရွှေဝယ်ယူမှုကို ရပ်တန့်ခဲ့ပြီးနောက် ခြောက်လအကြာတွင် ဝယ်ယူမှုများကို ပြန်လည်စတင်ခဲ့ရာ လစဉ်လတိုင်း ဝယ်ယူခဲ့သည်မှာ ၂၀၂၆ ဇန်နဝါရီလအထိ ဖြစ်သည်။ ဇန်နဝါရီလကုန်တွင် ဗဟိုဘဏ်၏ ရွှေပိုင်ဆိုင်မှုမှာ ထရွိုင်အောင်စ ၇၄.၁၉ သန်းအထိ မြင့်တက်လာခဲ့ပြီး ယခင်လ ဒီဇင်ဘာလတွင် ထရွိုင်အောင်စ ၇၄.၁၅ သန်းရှိခဲ့သည်။ စုစုပေါင်းတန်ဖိုးသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်တွင် ဒေါ်လာ ၃၁၉.၄၅ ဘီလီယံရှိပြီး ၂၀၂၆ ဇန်နဝါရီလတွင် ဒေါ်လာ ၃၆၉.၅၈ ဘီလီယံရှိသည်။



