back

ရေကြည်မြို့နယ်တွင် စက်သုံး ၁ လီတာ ၈၅၀၀ အထိ ဈေးအဆမတန်တက်နေ

Feb 09 • 12:21 PM

breaking-news

Myanmar

Ayeyarwady

cover

ရေကြည်မြို့နယ်တွင် စက်သုံး ၁ လီတာ ၈၅၀၀ အထိ ဈေးအဆမတန်တက်နေ

ရေကြည်မြို့နယ်က ဒေသတချို့ တွင် ဖေဖော်ဝါရီလ ၁ ရက်မှယနေ့အထိစက်သုံးဆီ ၁ လီ တာ ၈၅၀၀ အထိဈေးတက်လာပြီးစက်သုံးဆီများကိုလို သလောက်ဝယ်ယူမရသည့်အထိဖြစ်နေကြောင်းသိရသည်။ ထိုသ...

ရေကြည်မြို့နယ်က ဒေသတချို့ တွင် ဖေဖော်ဝါရီလ ၁ ရက်မှယနေ့အထိစက်သုံးဆီ ၁ လီ တာ ၈၅၀၀ အထိဈေးတက်လာပြီးစက်သုံးဆီများကိုလို သလောက်ဝယ်ယူမရသည့်အထိဖြစ်နေကြောင်းသိရသည်။ ထိုသို့ စက်သုံးဆီ ပြတ်လပ်နေခြင်းကြောင့် စပါးစိုက်ပျိုး ရေးလုပ်ငန်း၊ရေယာဉ်လုပ်ငန်း၊ဆိုင်ကယ်ကယ်ရီလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊စစ်ဘေးရှောင်များနှင့်ပရဟိတ လုပ်ငန်းများပါအခက်အခဲကြုံလာကြောင်း သိရသည်။စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီက ဖေဖော်ဝါရီလ ပထမအပတ် အတွင်း ဧရာဝတီတိုင်းတွင် စက်သုံးဆီရောင်းချရမည့် သတ်မှတ် ရည်ညွှန်းဈေးနှုန်းသည် ၉၂ တစ်လီတာကို ၂,၂၀၀ ကျော်၊ ၉၅ တစ်လီတာကို ၂,၄၀၀ ကျော်အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ 


news-view-count-icon

32