back

ရှေးဟောင်းရတနာများအား ရိုးသားစွာအပ်နှံခဲ့သည့် Grade-7 ကျောင်းသားတစ်ဦးနှင့် Grade-5 ကျောင်းသားသုံးဦးတို့အား တစ်ဦးလျှင် ၇၅ သိန်းကျပ်စီဖြင့် ဂုဏ်ပြု

Feb 09 • 12:20 PM

breaking-news

Myanmar

Rakhine

cover

ရှေးဟောင်းရတနာများအား ရိုးသားစွာအပ်နှံခဲ့သည့် Grade-7 ကျောင်းသားတစ်ဦးနှင့် Grade-5 ကျောင်းသားသုံးဦးတို့အား တစ်ဦးလျှင် ၇၅ သိန်းကျပ်စီဖြင့် ဂုဏ်ပြု

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကစားကွင်းတစ်ခုတွင် ဘောလုံးကစားရာမှတစ်ဆင့် ရှေးဟောင်းရတနာများနှင့် ငွေဒင်္ဂါးပြားများကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံပေးခ...

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ကစားကွင်းတစ်ခုတွင် ဘောလုံးကစားရာမှတစ်ဆင့် ရှေးဟောင်းရတနာများနှင့် ငွေဒင်္ဂါးပြားများကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အပ်နှံပေးခဲ့သည့် ကျောင်းသားလေးဦးအား ငွေကျပ်သိန်း ၃၀၀ ချီးမြှင့်ကာ ဂုဏ်ပြုလိုက်သည်။ အဆိုပါ ရတနာများကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရိုးသားစွာအပ်နှံခဲ့သည့် Grade-7 ကျောင်းသားတစ်ဦးနှင့် Grade-5 ကျောင်းသားသုံးဦးတို့အား တစ်ဦးလျှင် ၇၅ သိန်းကျပ်စီဖြင့် ဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ရခိုင်ပြည်နယ်အတွင်း ရှေးဟောင်းအမွေအနှစ်များ တူးဖော်တွေ့ရှိမှုအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကလည်း နရပတိကြီးမင်းလက်ထက်က ခေါင်းလောင်းကြီးတစ်ခုကို တွေ့ရှိခဲ့ဖူးသည်။ အဆိုပါ ခေါင်းလောင်းကြီးကို တူးဖော်အပ်နှံခဲ့သည့် ဦးထွန်းအောင်ကိုလည်း ကျပ်သိန်း ၅၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ဖူးသည်။ တွေ့ရှိထားသည့် ရှေးဟောင်းခေါင်းလောင်းကြီးနှင့် ပတ်သက်၍ ပညာရှင်များ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များကိုလည်း အီးမေးလ်နှင့် တယ်လီဂရမ်တို့မှတစ်ဆင့် ဆက်သွယ်ပေးရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။



news-view-count-icon

29